Sunday, February 15, 2009

Windows XP Password ဖောက်နည်း။


ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ
မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ြ
ကည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....


အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။

Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt

Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........

ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။

Please Select the operating System to Start:
Microsoft Window Xp ProFessional

မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။

စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။

ကွန်ပျူတာအတိုကောက်အခေါ်အဝေါ်များ

ADSL - Asymmetric Digital Subscriber Line
AGP - Accelerated Graphics Port
ALI - Acer Labs, Incorporated
ALU - Arithmetic Logic Unit
AMD - Advanced Micro Devices
APC - American Power Conversion
ASCII - American Standard Code for Information Interchange
ASIC - Application Specific Integrated Circuit
ASPI - Advanced SCSI Programming Interface
AT - Advanced Technology
ATI - ATI Technologies Inc.
ATX - Advanced Technology Extended


— B —
BFG - BFG Technologies
BIOS - Basic Input Output System
BNC - Barrel Nut Connector

— C —
CAS - Column Address Signal
CD - Compact Disk
CDR - Compact Disk Recorder
CDRW - Compact Disk Re-Writer
CD-ROM - Compact Disk - Read Only Memory
CFM - Cubic Feet per Minute (ft�/min)
CMOS - Complementary Metal Oxide Semiconductor
CPU - Central Processing Unit
CTX - CTX Technology Corporation (Commited to Excellence)

— D —

DDR - Double Data Rate
DDR-SDRAM - Double Data Rate - Synchronous Dynamic Random Access Memory
DFI - DFI Inc. (Design for Innovation)
DIMM - Dual Inline Memory Module
DRAM - Dynamic Random Access Memory
DPI - Dots Per Inch
DSL - See ASDL
DVD - Digital Versatile Disc
DVD-RAM - Digital Versatile Disk - Random Access Memory

— E —
ECC - Error Correction Code
ECS - Elitegroup Computer Systems
EDO - Extended Data Out
EEPROM - Electrically Erasable Programmable Read-Only Memory
EPROM - Erasable Programmable Read-Only Memory
EVGA - EVGA Corporation

— F —
FC-PGA - Flip Chip Pin Grid Array
FDC - Floppy Disk Controller
FDD - Floppy Disk Drive
FPS - Frame Per Second
FPU - Floating Point Unit
FSAA - Full Screen Anti-Aliasing
FS - For Sale
FSB - Front Side

--G--

GB - Gigabytes

GBps - Gigabytes per second or Gigabits per second
GDI - Graphical Device Interface
GHz - GigaHertz

— H —
HDD - Hard Disk Drive
HIS - Hightech Information System Limited
HP - Hewlett-Packard Development Company
HSF - Heatsink-Fan

— I —
IBM - International Business Machines Corporation
IC - Integrated Circuit
IDE - Integrated Drive Electronics
IFS- Item for Sale
IRQ - Interrupt Request
ISA - Industry Standard Architecture
ISO - International Standards Organization

— J —
JBL - JBL (Jame B. Lansing) Speakers
JVC - JVC Company of America

- K —
Kbps - Kilobits Per Second
KBps - KiloBytes per second

— L —
LG - LG Electronics
LAN - Local Are Network
LCD - Liquid Crystal Display
LDT - Lightning Data Transport
LED - Light Emitting Diode

— M —
MAC - Media Access Control
MB � MotherBoard or Megabyte
MBps - Megabytes Per Second
Mbps - Megabits Per Second or Megabits Per Second
MHz - MegaHertz
MIPS - Million Instructions Per Second
MMX - Multi-Media Extensions
MSI - Micro Star International

— N —
NAS - Network Attached Storage
NAT - Network Address Translation
NEC - NEC Corporation
NIC - Network Interface Card

— O —
OC - Overclock (Over Clock)
OCZ - OCZ Technology
OEM - Original Equipment Manufacturer

— P —
PC - Personal Computer
PCB - Printed Circuit Board
PCI - Peripheral Component Interconnect
PDA - Personal Digital Assistant
PCMCIA - Peripheral Component Microchannel Interconnect Architecture
PGA - Professional Graphics Array
PLD - Programmable Logic Device
PM - Private Message / Private Messaging
PnP - Plug 'n Play
PNY - PNY Technology
POST - Power On Self Test
PPPoA - Point-to-Point Protocol over ATM
PPPoE - Point-to-Point Protocol over Ethernet
PQI - PQI Corporation
PSU - Power Supply Unit

— R —
RAID - Redundant Array of Inexpensive Disks
RAM - Random Access Memory
RAMDAC - Random Access Memory Digital Analog Convertor
RDRAM - Rambus Dynamic Random Access Memory
ROM - Read Only Memory
RPM - Revolutions Per Minute

— S —
SASID - Self-scanned Amorphous Silicon Integrated Display
SCA - SCSI Configured Automatically
SCSI - Small Computer System Interface
SDRAM - Synchronous Dynamic Random Access Memory
SECC - Single Edge Contact Connector
SODIMM - Small Outline Dual Inline Memory Module
SPARC - Scalable Processor ArChitecture
SOHO - Small Office Home Office
SRAM - Static Random Access Memory
SSE - Streaming SIMD Extensions
SVGA - Super Video Graphics Array
S/PDIF - Sony/Philips Digital Interface

— T —
TB - Terabytes
TBps - Terabytes per second
Tbps - Terabits per second
TDK - TDK Electronics
TEC - Thermoelectric Cooler
TPC - TipidPC
TWAIN - Technology Without An Important Name

— U —
UART - Universal Asynchronous Receiver/Transmitter
USB - Universal Serial Bus
UTP - Unshieled Twisted Pair

— V —
VCD - Video CD
VPN - Virtual Private Network

— W —
WAN - Wide Area Network
WTB - Want to Buy
WYSIWYG - What You See Is What You Get

— X —
XGA - Extended Graphics Array
XFX - XFX Graphics, a Division of Pine
XMS - Extended Memory Specification
XT - Extended Technology


`ငှက်တွေက ပျံရင်းနဲ့ သေကြတယ် လူတွေက ကြံရင်းနဲ့ သေကြတယ်´ တဲ့။ တကယ်တမ်းလည်း လူသားတွေ ထုတ်လုပ်ဖန်းတီးလိုက်တဲ့ အရာဝတ္ထုတွေဟာ တခါတရံ လူသားတွေကိုယ်တိုင် ရင်သပ်ရှုမော ဖြစ်သွားလောက်အောင် ဆန်းကြယ်နေလို့ပါပဲ။ ဒီပို့စ်မှာ ကျွန်တော်ကြိုက်သော အိုင်ဒီယာများ အနေနဲ့ Creative Drawings လို့ ခေါ်ဆိုနိုင်တဲ့ ပုံလေးတွေကို မျှဝေလိုက်ပါတယ်။ Photoshop နဲ့လား အခြား Software တစ်ခုခုနဲ့ပဲလား…။ ဘယ်လိုနည်းလမ်းနဲ့ ဖန်တီးထားတယ်ဆိုတာ အတတ်မပြောနိုင်ပေမယ့် စိတ်ကူးသွက်သွက်နဲ့ ဖန်တီးထားတဲ့ အနုပညာသစ်ကို ခံစားကြည့်ကြပါစို့လားဗျာ။

Friday, February 13, 2009

ရေနွှေးကြမ်းနဲ့လူသား


လူသားတိုင်းဟာ လူမျိုးအလိုက် လက်ဘက်ရည်ကို သောက်သုံးခဲ့ကြတာ နှစ်ပေါင်း
အတော်ကြာကတည်းကဖြစ်ပြီး အရှေ့တောင် အာရှနိင်ငံတခုဖြစ်တဲ့
မြန်မာနိုင်ငံမှာလည်း လက်ဘက်ရည်ကြမ်း (ရေနွေးကြမ်း) ကို နေရာအတော်
များများမှာ အရေးတယူသောက်သုံးကြတာကိုတွေ့ရပါ
တယ်။ ဘယ်အရာမဆို တန်ဆေး
လွန်ဘေးဆိုတဲ့ စကားအတိုင်း အတန်အသင့် သောက်သုံးမယ်ဆိုရင်
အကျိုးဆက်ပေါင်းများစွာ ရရှိနိုင်ပေမယ့်လည်း အလွန်အကျွံ သောက်သုံးမိမယ်
ဆိုရင်လည်း ဘေးထွက်ဆိုးများဖြစ်နိုင်ကြောင်
း တွေ့ရှိနိုင်တယ်။

ရေနွေးကြမ်းကို သောက်သုံး ခြင်းဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
၁။ ရေနွေးကြမ်းနှင့် ကင်ဆာ
ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ
ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊
ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ
ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည်
ဂရိတ်ဖရုသီး၊ ၀ိုင်တို့တွင် ပါဝင်သောပမာဏ ထက်ပိုများပြီး
သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သောအဆီများ (triglyceride)ကို
နည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော
အဆီများကို တိုးစေခြင်း၊ နှလုံးသွေးကြောပိတ်ရောဂါနှင့်
ဦးနှောက်သွေးကြောပိတ်ခြင်းတို့
ကို ဖြစ်စေနိုင်သော
အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊
နှလုံးသွေးကြောကျဉ်းရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာရော
ဂါများ၊
ဦးနှောက်သွေးကြောပိတ်မှုရောဂါမျ
ား ဖြစ်ပွားမှုနှုန်းကို
ကျဆင်းစေခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

၃။ရေနွေးကြမ်းနှင့် အဆီဓါတ်
ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော
အဆီများ (triglyceride)ကိုနည်းစေခြင်ြး
ဖင့် ၎င်း၏
ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို
တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။

၎။ ရေနွေးကြမ်းနှင့် အသည်း
ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော၊ ဆေးလိပ်ကြောင့်ဖြစ်သော
ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်
ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို
နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို
ပိုမိုပြင်းထန်လောင်ကျွမ်းစြေ
ခင်းတို့ကို ဖြစ်ပေါ်စေသောကြောင့်
ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။

၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ
ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း၊ (အင်ဆူလင်)၏
အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။

၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့
ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည်
ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင်
ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို
မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည်
ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
ခံတွင်းရနံ့ဆိုးစေသော အခြားအကြောင်းအရင်းများမှာ
၁။ ပါးစပ်ခြောက်ခြင်း၊
၂။ အသားဓါတ်ပါသော အစာများ၊ သကြားဓါတ်ပါသော အစာများကိုစားသုံးခြင်း၊
၃။ ဆေးလိပ်သောက်ခြင်း၊
၎။ သွားပိုးစားခြင်းနှင့် ခံတွင်းနှင့်ဆိုင်သော ရောဂါများ၊
၅။ နှာခေါင်း နှင့် ယင်း၏ အနီးတ၀ိုက်တွင် ရောဂါပိုးဝင်ခြင်းတို့
ဖြစ်သောကြောင့် ထိုသို့သော လက္ခဏာရှိသူများသည် ခံတွင်း၏
အပေါ်ယံအမြှေးပါးများကို ခြောက်ခန်းစေပြီး ပိုးများကို
ပိုမိုပေါက်ဖွားစေသော ငုံဆေးများကို သုံးမည့်အစား ရေနွေးကြမ်းဖြင့်
ပလုတ်ကျင်းသင့်ပါတယ်။

၈။ ရေနွေးကြမ်းနှင့် သွေးတိုးရောဂါ
ရေနွေးကြမ်းတွင်ပါဝင်သော catechins သည် သွေးကြောများကို
ကျုံ့စေခြင်းဖြင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သော (အင်ဇိုင်း)တမျိုး၏
လုပ်ငန်းများကို နှောင့်နှေးစေခြင်း၊ သက်ဆိုင်ရာ အစိတ်အပိုင်းများသို့
သွေးရောက်ရှိမှုကို နည်းပါးစေပြီး အသက်ဆုံးရှုံးသည် အထိ
လူသားတို့အားဒုက္ခပေးတတ်သော သွေးကြောများ၏ နံရံတွင် ကပ်၍နေတတ်သော
အဆီများကိုလျော့ ကျစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ ရေနွေးကြမ်းနှင့် တုတ်ကွေးရောဂါ
ရေနွေးကြမ်းတွင် ပါဝင်သော tannin သည် တုတ်ကွေးရောဂါကိုဖြစ်စေသော
ဗိုင်းရပ်စ်ပိုး၏ လုပ်ငန်းဆောင်တာများကို ဟန့်တားပေးပါတယ်။

၁၀။ ရေနွေးကြမ်းနှင့် သွားပိုးစားခြင်း
ရေနွေးကြမ်းတွင် ပါဝင်သော သဘာဝ(ဖလူအိုရင်း) fluorine သည် သွားများ၏
အပေါ်ယံလွှာကို ပိုမိုခိုင်မာစေခြင်း၊ သွားများ၏ အခေါင်းများထဲတွင်
ကျက်စားနေတတ်သော ပိုးများကို သေစေနိုင်သောကြောင့် သွားပိုးစားမှုကို
လျော့ကျစေခြင်းတို့ကိုဖြစ်စေပါ
တယ်။

၁၁။ ရေနွေးကြမ်းနှင့် အရိုးပွရောဂါ
အသက်ကြီးသော အမျိုးသားများနှင့် မီးယပ်သွေးဆုံး အမျိုးသမီးများတွင်
ဖြစ်ပေါ်တတ်သော အရိုးပွခြင်း ကာကွယ်ရန်
၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း
၂။ တနေ့လျှင် Vitamin D 400I U သောက်သုံးပေးခြင်း
၃။ တိရစ္ဆာန်များမှ ရသော အသားဓါတ်သည် ခန္ဒာကိုယ်တွင် ရှိသည့်
ထုံးဓါတ်ပမာဏကို လျော့ကျစေသဖြင့် ယင်းအစား ပဲနို့ကိုသောက်သုံးပေးခြင်း
၎။ နေ့စဉ် ယမကာသောက်သုံးသည့် ပမာဏကို လျှော့ချပေးခြင်း
၅။ တနေ့လျှင် ရေနွေးကြမ်း ၃ ခွက် သို့မဟုတ် ၃ ခွက်ထက်ပို၍
သောက်သုံးခြင်းကို ပြုလုပ်သင့်ပါတယ်။

၁၂။ ရေနွေးကြမ်းနှင့် လန်းဆန်းမှု
ရေနွေးကြမ်းတွင် ကာဖင်းဓါတ် ၅-၁.၂% ပါဝင်နေသောကြောင့် အတန်အသင့်
သောက်သုံးပါက အာရုံစူးစိုက်မှုကို ပေးခြင်း၊ နိုးကြား
လန်းဆန်းစေခြင်းကိုဖြစ်စေပါတယ်။

၁၃။ ရေနွေးကြမ်းနှင့် ၀မ်းလျှောရောဂါ
ထို့အပြင် ရေနွေးကြမ်းကို ၀မ်းလျှောနေသူများအတွက် ၀မ်းပိတ်စေရန်အလို့ငှာ
တိုက်ကျွေးနိုင်ပါတယ်။

ရေနွေးကြမ်းကိုသောက်သုံးခြင်ြး
ဖင့်ရရှိနိုင်သော ဆိုးကျိုးများမှာ
၁။ ရေနွေးကြမ်းနှင့် ဂဏာမညိမ်ခြင်း
ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော (ကာဖင်း)၏
ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့်ရသော အကျိုးဆက်များဖြစ်တဲ့
၁။ အသက်ရှုမြန်ခြင်း၊
၂။ နှလုံးခုန်မြန်ခြင်း၊
၃။ ခေါင်းကိုက်ခြင်း၊
၎။ သွေးပေါင်ချိန်တက်ခြင်း၊
၅။ နှလုံးခုန်မမှန်ခြင်း၊
၆။ အိပ်မပျော်ခြင်း၊
၇။ စိတ်ပူပန်တတ်ခြင်း၊
၈။ ဂဏာမညိမ်ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

၂။ ရေနွေးကြမ်းနှင့် အစာစားလိုစိတ်
ရေနွေးကြမ်းတွင် အဓိကပါဝင်သော ဓာတုပစ္စည်းမှာ Tennin ဖြစ်ပြီး ၎င်းကို
သားရေများကို မာစေရန်အလို့ငှာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းကို
သောက်သုံးမိသည့် အခါတွင်လည်း tennin သည် အစာအိမ်နှင့် အူလမ်းကြောင်း
တလျှောက်ရှိ အမြှေးပါးများကို မာကျော ခြောက်သွေ့စေပြီးလျှင်
အစာမကျေခြင်း၊ အစားပျက်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ ရေနွေးကြမ်းနှင့် သွေးအားနည်းရောဂါ
Tennic acid သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကို အနှောက်အယှက်
ဖြစ်စေသောကြောင့် ရေနွေးကြမ်းကို အမြောက်အများသောက်သုံးပါက
သံဓါတ်နည်းမှုကြောင့်ဖြစ်ပေါ်သော သွေးအားနည်းမှုကို ခံစားရစေနိုင်ပါတယ်။

၎။ ရေနွေးကြမ်းနှင့် မှိုအန္တရာယ်
ရေနွေးကြမ်းပြုလုပ်မည့် လက်ဘက်ခြောက်ကို ခြောက်အောင်ပြုလုပ်သည့်
အဆင့်ဆင့်တွင် သန့်ရှင်းမှုကိုလိုက်၍ မှိုစွဲကပ်ခြင်းများ
ဖြစ်ပေါ်စေသောကြောင့် ၎င်းမှိုများအလိုက် လူသားတို့အား အန္တရာယ်ပေးနိုင်ပါတယ်။

ရေနွေးကြမ်းကို အလွန်အကျွံမသောက်သုံးသင့်သူများ
မှာ
၁။ အစာအိမ်ရောဂါကြောင့် ရင်ပူတတ်သူများ၊
၂။ စိတ်ဖိစီးမှုများသူများ၊
၃။ အိပ်မပျော်သူများ၊
၎။ hyperthyroid ရောဂါရှိသူများ၊
၅။ သွေးကျဲဆေးသောက်ထားရသူများ ပဲဖြစ်ပါတယ်။

Gmail စာမျက်နှာကို မိမိကြိုက်နှစ်သက်တဲ့ပုံပြောင်းနည်


ကိုယ့်Gmail စာမျက်နှာကို
မိမိကြိုက်နှစ်သက်တဲ့
Background လှလှလေတွေပြောင်းလို.ရနေပါပြီ။
လုပ်ချင်တယ်ဆိုရင်တော့..........
၁။မိမိ Gmail Account ကို Sign in အရင်ဝင်ပါ။
၂။Settings ကိုကလစ်နှိပ်ပါ။
၃။Themes ကိုကလစ်နှိပ်ပါ(ပုံတွင်ပြထားသည်
)
၎။မိမိကြိုက်နှစ်သက်တဲ့ ပုံပေါ်တွင်ကလစ်နှိပ်ပါ။
၅။City တွင် yangon ထည့်ပါ။Saveနှိပ်ပါ။

မှတ်ချက်။ ။Mozilla Firefoxတွင်သုံးပါ။

Thursday, February 12, 2009

Valentine History


ဖေဖော်ဝါရီလများရောက်လေတိုင်း နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနဲ့ အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နဲ့ အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါတယ်။ သို့ပေမယ့် St. Valentine ဆိုတဲ့ ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါတယ်။

ပါးစပ်ရာဇ၀င် အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine's Day အကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင်အကြီးအကဲကြီး St. Valentine အကြောင်း တိမ်မြှုပ်နေတဲ့ ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါမယ်။ ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါတယ်။ ယနေ့ခေတ် ယနေ့အခါ နားလည်ထားကြတဲ့ St. Valentine Day ဟာဆိုရင် ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဆိုတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ St. Valentine နဲ့ ဘာသာရေးပွဲတွေ ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာပါပဲ။

ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆအမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြောစကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

လူအချို့ရဲ့ ယုံကြည်မှုအရာ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော်တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွားကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ်များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။

အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန်မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့်တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။

Great Britain မှာ့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများအတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြားများ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။

Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း ....................